International News

ရုရှားနိုင်ငံသည် ဂျုံတန်ချိန် ၄၇ သန်း စံချိန်တင် တင်ပို့ခဲ့

Last Updated:

ရုရှားနိုင်ငံသည် ၂၀၂၂ - ၂၀၂၃ စိုက်ပျိုးရေးရာသီ(၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ)တွင် ဂျုံတန်ချိန် ၄၇ သန်း စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး Mr. Dmitry Patrushev က All-Russian Field Day-2023 တွင် ပြောကြားခဲ့ပါသည်။

ပဏာမအချက်အလက်များအရ ပြီးခဲ့သည့်ရာသီတွင် ဂျုံတန်ချိန် ၄၇ သန်းခန့်အပါအဝင် ကမ္ဘာ့ဈေးကွက်သို့ ကောက်ပဲသီးနှံတန်ချိန် သန်း ၆၀ တင်ပို့ခဲ့ပြီး ၎င်းအချက်အလက်သည် ရုရှားနိုင်ငံအတွက် စံချိန်တင်မှတ်တမ်းတစ်ခုဖြစ်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရေးနှစ်သစ်တွင် ကောက်ပဲသီးနှံတန်ချိန် ၅၅ သန်းတင်ပို့နိုင်ရန် စီစဉ်ထားပြီး တင်ပို့နိုင်မှုအလားအလာတိုးမြှင့်လာနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Patrushev မှ ကောက်ပဲသီးနှံများအား မိတ်ဖက်နိုင်ငံများသို့ တင်ပို့နိုင်ရန် စနစ်တကျစီစဉ်လျက်ရှိပြီး ၎င်းတို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အလွန်အရေးပါသော ပံ့ပိုးကူညီမှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါကြောင်း၊ လက်ရှိ ပို့ကုန်အလားအလာ၏ လေ့လာဆန်းစစ်မှုများအရ ရာသီသစ်တွင် ကောက်ပဲသီးနှံနှင့် ဂျုံတင်ပို့မှုပမာဏသည် ပြောင်းလဲမှုမရှိသေးသော်လည်း တိုးမြှင့်တင်ပို့နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Source : https://ria.ru/20230707/eksport-1882850445.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

Category: International News